ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း(ဒီကေအေ)
Ketoacidosis ကို ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်းဟု ဘာသာပြန်ဆိုပါသည်။
ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်းသည် ဆီးချိုကြောင့် ရောဂါနောက်ဆက်တွဲ ခံစားရခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာအတွင်း အင်ဆူလင် မရှိသလောက် နည်းပါးသွားသော အခြေအနေနှင့် အင်ဆူလင်နှင့် ပြောင်းပြန် အစွမ်းသတ္တိရှိသော ဟိုမုန်းများထွက်လာသည့် အခြေအနေတွင် ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း(ဒီကေအေ) ကို ဖြစ်စေသည်။ အမျိုးအစား-၁ တွင်ပိုမိုအဖြစ်များသည်။ အမျိုးအစား-၂ တွင် အချို့ အခြေအနေများ၌ ဖြစ်နိုင်သည်။
.
ကီတုန်းပစ္စည်း ထုတ်လုပ်မှု
အင်ဆူလင်နည်းသောအခါတွင် အသည်းမှ ကီတုန်းပစ္စည်းများကို ထုတ်လုပ်သည်။ ကီတုန်းပစ္စည်းသည် အဆီ၏ ကို ဖြိုခွဲရာမှ ဖြစ်ပေါ်လာသော ဘေးထွက်ပစ္စည်းတစ်ခုဖြစ်သည်။ အစပိုင်း၌ ကီတုန်းပစ္စည်းများ ထွက်ပေါ်လာခြင်း ကီတို့စစ်အဆင့် မျှသာ ရှိသေးရာ ဤ အဆင့်မှာ အန္တရာယ်မရှိသေးပါ။
သို့သော် အများအပြားထွက်လာသောအခါ သွေးအတွင်း အက်ဆစ်ဓာတ်ကို များစေသည်။ ဤအဆင့်ကိုမှ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်းဟူ၍ ခေါ်ရသည်။
.
ရောဂါလက္ခဏာများ
ကယောင်ကတမ်းဖြစ်ခြင်း
ဗိုက်နာဗိုက်အောင့်ခြင်း
အစားအသောက်ပျက်ခြင်း
တုပ်ကွေးမိသကဲ့သို့ဖြစ်ခြင်း
မလှုပ်ချင်မရှားချင်ခြင်း
အားကုန်ခန်းခြင်း
လေငတ်သလို ရှိုက်ရှိုက်ပြီး ရှူခြင်း
သတိလစ်-ကိုမာဖြစ်ခြင်း
သေခြင်း
.
ကုသမှု
ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး အင်ဆူလင်ပါတွဲပေးရမည်။ လူနာသည် အရေးပေါ်ဋ္ဌာနတွင် အင်ဆူလင် ၊ဂလူးကိုစ့်နှင့် အရည်ဖြည့်သွင်းပေးခြင်း ကုသမှုမျိုးခံယူဖို့လိုသည်။
March 27, 2009 at 4:31 pm
[...] မယူမိပါက ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း**¹…အရေးပေါ်ရောဂါမျိုး [...]
March 27, 2009 at 4:39 pm
[...] ဒက်ဆီလီတာ {600mg/dl(30mmol/l) } ဖြစ်လျင်မူ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း အရေးပေါ်ရောဂါ ဖြစ်တတ်သည်။ ချက်ချင်း [...]
May 6, 2009 at 1:12 pm
[...] ဆီးချို-၁ လူနာများသည် Diabetic ketoacidosis (ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း) အရေးပေါ်အခြေအနေနှင့် ရောဂါလက္ခဏာ [...]
May 12, 2009 at 1:09 pm
[...] ရောဂါအမည်တပ်သည့်ကာလ၌ ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း (Diabetic ketoacidosis) ဖြစ်နေသည်ကို တွေ့ရလေသည်။ [...]